တစ်ခါတစ်လေတော့လည်း လောကကြီးက ကိုယ့်ဘက်မှာရှိမနေပြန်ဘူး။
ဖြစ်ချင်တာတွေကို လုပ်ချင်တိုင်းလုပ်လို့ရမယ်ဆို ရင်ဖြင့်
"လုပ်ချင်တာက" ဒီနေ့တော့ ကျွန်မရဲ့ရုံးက ဘော့စ်ကိုပဲ အရင်ဆုံး စိတ်ရှိလက်ရှိထုနှက်လိုက်ချင်တာပါပဲ။ ဒီလိုခံစားချက်မျိုး လူတိုင်းတစ်ခါတစ်လေတော့ ဖြစ်ဘူးမှာပါပဲလို့ ကျွန်မအကြွင်းမဲ့ယုံပါတယ်။ အားမတန်လို့မာန်လျှော့ရတာ ၊ မတတ်သာလို့ တခြား ထောက်ထားငဲ့ညှာစရာတွေရှိနေတာ ၊ တစ်လတစ်ခါပေးထားတဲ့ လစာလေးရဲ့မျက်နှာ ဒီဝင်ငွေလေးနဲ့ပဲတစ်မိသားစုလုံး ရဲ့ စားဝတ်နေရေးကိုပြေလည်အောင် ဖန်တီးနိုင်နေတာ... "သမီးရယ်မေမေ့တို့တစ်မိသားစုလုံး ရဲ့တာဝန်တွေကိုသမီးတစ်ယောက်ထဲပဲ ယူနေရတာ မေမေစိတ်မကောင်းဘူးကွယ်" မေ့မေ့ရဲ့ဒီစကားသံတွေကိုပြန်ကြား ယောင်မိတိုင်း ကျွန်မရဲ့ဒေါသ မာန တွေကိုအရည်ဖျော်ပစ်လိုက်ရတာ။ အလုပ်မလုပ်နိုင်တော့တဲ့ လူမမာနာတာရှည်ရောဂါသည် အဖေ ၊ အိမ်အလုပ်တွေနဲ့လူမမာအဖေကိုပြု စုရတာ တစ်ဖက်နဲ့မအားလပ်တဲ့အမေ ၊ ကျောင်းမပြီးသေးတဲ့ မောင်လေးနဲ့ညီမလေး ဒါတွေကိုကျွန်မဘယ်လိုလစ်လျှုရှု နိုင်မှာလဲ။
ကျွန်မဖြစ်ချင်တာ နောက်တစ်ခုကတော့ မဖြစ်နိုင်ဘူးလေ.. ဘာအလုပ်မှ မလုပ်ပဲ နေနိုင် စားနိုင် လှူဒါန်းနိုင်တဲ့ပုံမှန်ဝင်ငွေ မျိုးလေးရနေချင်တာပါပဲ။ ဒါဆိုရင်တော့ နေ့တိုင်းရုံးသွားပြီး ဘော့စ်ရဲ့အဆူအဆဲခံ ၊ ရန်ဖြစ် သတ်ဖြတ် နေရတဲ့ အကုသိုလ်များလည်းကင်းပြီး ကျွန်မမိသားစုလေးကိုလည်း ကြည့်ရူစောင့်ရှောက်နိုင်... ဘယ်လောက်များပျော်စရာကောင်းလို က်မလဲနော်..... :-)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment